
Unicode ဖြင့်ဖတ်ရန်
ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ဘယ်လ်ဂျီယံ ဆရာဝန်တစ်ဦးက လူငယ်တွေကို အလေးအနက် သတိပေး…
အသက် (၃၀) မှ (၅၀)အကြား လူငယ်တွေဟာ ကိုရိုနာအန္တရာယ်တွေကို သိပ်မသိကြဘူးလို့ ဘယ်လ်ဂျီယံ ဆရာဝန်တစ်ဦးက မတ်လ (၁၇)ရက်နေ့က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်အကုန်က လူငယ်တွေဟာ ဆိုးဆိုးဝါးဝါးအခြေအနေနဲ့ ဆေးရုံကို ရောက်ရှိလာတာကြောင့် များစွာအံ့အားသင့်ခဲ့ရတယ်လို့ ဘယ်လ်ဂျီယံနိုင်ငံ အာလတ်စ်မြို့ အွန်ဇီးလိဗ်ဗရူး ဆေးရုံရှိ အရေးပေါ်ဆေးဘက်ဆိုင်ရာဌာနက ဒေါက်တာ အစ်ဂ်နေ့စ်ဒီမီယာ ကပြောပါတယ်။

အဲ့ဒီလူနာတွေဟာ ပထမဦးဆုံးရိုးရိုးတုပ်ကွေးရောဂါကို ခံစားခဲ့ရပြီး၊ (၄၈)နာရီမှာ ပြန်လည်နလန်ထူလာပြီးတဲ့ နောက် အသက်ရှူရခက်လာလို့ ဆေးရုံကို ပြန်လည်ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။ ဒီဆေးရုံကို ရောက်လာတဲ့သူတွေ ထဲမှာ ဆေးမှတ်တမ်းမှာ ထူးထူးခြားခြားဖြစ်ခဲ့တာ တစ်ယောက်မျှမရှိခဲ့ပါဘူး။ သူတို့ဟာ ဆေးလိပ်သောက်သုံးတာမရှိခဲ့သလို၊ နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ တခြားအပြင်ရောဂါလည်း ဘာမှမရှိဘူးလို့ ဆိုပါတယ်။

အသက် (၃၆) နှစ်အရွယ် လူနာတစ်ဦးရဲ့ အဆုတ်ကို scan နဲ့စစ်ဆေးတဲ့အခါ အဆုတ်နှစ်ဖက်လုံးမှာ အရည်တွေကို တွေ့ရတယ်လို့ ဒေါက်တာဒီမီယာက ပြောပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံမှာ အခုချိန်ထိ ကိုရိုနာကူးစက်မှုကြောင့် သေဆုံးသူအားလုံးဟာ အသက် (၇၀)ကျော်သူတွေဖြစ်ပေမယ့်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်တဲ့စာရင်းတွေအရ ကိုရိုနာဗိုင်းရပ်စ်ဟာ လူငယ်တွေမှာဖြစ်နိုင်ကြောင်းနဲ့ သူတို့ရဲ့ပတ်ဝန်းကျင်မှာလည်း ဗိုင်းရပ်စ်ပျံ့နှံ့ဖို့ပိုမို လွယ်ကူကြောင်း သူက သတိပေးခဲ့ပါတယ်။
လာမယ့်ရက်သတ္တပတ်တွေအတွင်း လူငယ်တွေမှာ ဆိုးဆိုးဝါးဝါးရောဂါဖြစ်လာနိုင်မယ်လို့ ခန့်မှန်းထားပြီး အဲ့ဒီ အချိန်ကျရင် ဆရာဝန်တွေဟာ အသက်ရှူအကူကိရိယာကို လူကြီးတွေနဲ့ လူငယ်တွေ ဘယ်သူ့ကိုဦးစား ပေးရမလဲဆိုတာ သူတို့ဆုံးဖြတ်ပေးရတော့မယ်လို့ ဒေါက်တာဒီမီယာက ပြောပါတယ်။
Credit to HNM
Zawgyi ျဖင့္ဖတ္ရန္
ကိုရိုနာဗိုင္းရပ္စ္ႏွင့္ ပတ္သက္ၿပီး ဘယ္လ္ဂ်ီယံ ဆရာဝန္တစ္ဦးက လူငယ္ေတြကို အေလးအနက္ သတိေပး…
အသက္ (၃၀) မွ (၅၀)အၾကား လူငယ္ေတြဟာ ကို႐ိုနာအႏၲရာယ္ေတြကို သိပ္မသိၾကဘူးလို႔ ဘယ္လ္ဂ်ီယံ ဆရာဝန္တစ္ဦးက မတ္လ (၁၇)ရက္ေန႔က ေျပာပါတယ္။
ၿပီးခဲ့တဲ့ရက္သတၱပတ္အကုန္က လူငယ္ေတြဟာ ဆိုးဆိုးဝါးဝါးအေျခအေနနဲ႔ ေဆး႐ုံကို ေရာက္ရွိလာတာေၾကာင့္ မ်ားစြာအံ့အားသင့္ခဲ့ရတယ္လို႔ ဘယ္လ္ဂ်ီယံႏိုင္ငံ အာလတ္စ္ၿမိဳ႕ အြန္ဇီးလိဗ္ဗ႐ူး ေဆး႐ုံရွိ အေရးေပၚေဆးဘက္ဆိုင္ရာဌာနက ေဒါက္တာ အစ္ဂ္ေန႔စ္ဒီမီယာ ကေျပာပါတယ္။
အဲ့ဒီလူနာေတြဟာ ပထမဦးဆုံး႐ိုး႐ိုးတုပ္ေကြးေရာဂါကို ခံစားခဲ့ရၿပီး၊ (၄၈)နာရီမွာ ျပန္လည္နလန္ထူလာၿပီးတဲ့ ေနာက္ အသက္ရႉရခက္လာလို႔ ေဆး႐ုံကို ျပန္လည္ေရာက္ရွိလာခဲ့ၾကတာျဖစ္ပါတယ္။ ဒီေဆး႐ုံကို ေရာက္လာတဲ့သူေတြ ထဲမွာ ေဆးမွတ္တမ္းမွာ ထူးထူးျခားျခားျဖစ္ခဲ့တာ တစ္ေယာက္မွ်မရွိခဲ့ပါဘူး။ သူတို႔ဟာ ေဆးလိပ္ေသာက္သုံးတာမရွိခဲ့သလို၊ ႏွလုံးေရာဂါ၊ ဆီးခ်ိဳေရာဂါနဲ႔ တျခားအျပင္ေရာဂါလည္း ဘာမွမရွိဘူးလို႔ ဆိုပါတယ္။
အသက္ (၃၆) ႏွစ္အ႐ြယ္ လူနာတစ္ဦးရဲ႕ အဆုတ္ကို scan နဲ႔စစ္ေဆးတဲ့အခါ အဆုတ္ႏွစ္ဖက္လုံးမွာ အရည္ေတြကို ေတြ႕ရတယ္လို႔ ေဒါက္တာဒီမီယာက ေျပာပါတယ္။ ဘယ္လ္ဂ်ီယံႏိုင္ငံမွာ အခုခ်ိန္ထိ ကို႐ိုနာကူးစက္မႈေၾကာင့္ ေသဆုံးသူအားလုံးဟာ အသက္ (၇၀)ေက်ာ္သူေတြျဖစ္ေပမယ့္လည္း က်န္းမာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္တဲ့စာရင္းေတြအရ ကိုရိုနာဗိုင္းရပ္စ္ဟာ လူငယ္ေတြမွာျဖစ္ႏိုင္ေၾကာင္းနဲ႔ သူတို႔ရဲ႕ပတ္ဝန္းက်င္မွာလည္း ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔ဖို႔ပိုမို လြယ္ကူေၾကာင္း သူက သတိေပးခဲ့ပါတယ္။
လာမယ့္ရက္သတၱပတ္ေတြအတြင္း လူငယ္ေတြမွာ ဆိုးဆိုးဝါးဝါးေရာဂါျဖစ္လာႏိုင္မယ္လို႔ ခန႔္မွန္းထားၿပီး အဲ့ဒီ အခ်ိန္က်ရင္ ဆရာဝန္ေတြဟာ အသက္ရႉအကူကိရိယာကို လူႀကီးေတြနဲ႔ လူငယ္ေတြ ဘယ္သူ႔ကိုဦးစား ေပးရမလဲဆိုတာ သူတို႔ဆုံးျဖတ္ေပးရေတာ့မယ္လို႔ ေဒါက္တာဒီမီယာက ေျပာပါတယ္။
Credit to HNM